စာရေးသူ

အားလုံးမြင်နိုင်ရန်
James Banks

ဂျိမ်းစ်ဘန့်စ်

ဆရာကြီး ဒေါက်တာ ဂျိမ်းစ်ဘန့်စ် (Dr. James Banks) တို့ဇနီးမောင်နှံတွင် အရွယ်ရောက်သားသမီးနှစ်ဦးရှိပြီး ဆရာကြီး ကြည့်ရှုနေသည့် Peace Church တည်ရှိရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဒါဟမ်းဒေသ၌ နေထိုင်လျက်ရှိသည်။ ဆရာကြီးသည် <em?The Lost Art of Praying Together, Praying the Prayers of the Bible, Prayers for Prodigals နှင့် Prayers for Your Children အစရှိသည့် စာအုပ်များကို ရေးသားသူလည်း ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျိမ်းစ်ဘန့်စ်

အရှိအတိုင်းထောက်ပြသော ကြင်နာမှု

“ချစ်သူငယ်ချင်း၊ တစ်ခါတစ်လေ မင်းက မင်းရဲ့တကယ့်ဖြစ်တည်မှုထက်ကိုပိုပြီး ပြည့်စုံသန့်ရှင်းတယ်လို့ ထင်ရတယ်။”

ကျွန်ုပ်၏မျက်နှာကို တည့်တည့်ကြည့်ပြီး နူးညံ့သောအပြုံးနှင့် ဤစကားလုံးများကို ပြောခြင်းဖြစ်ပါသည်။ ဤစကားများကို ရင်းနှီးသောမိတ်ဆွေဖြစ်ရုံမျှမက အမြော်အမြင်ကြီးပြီး ကျွန်ုပ်အလွန်တန်ဖိုးထား လေးစားရသူ ဆရာသမားထံမှ မဟုတ်ဘဲ အခြားသူထံမှ ကြားရပါက ကျွန်ုပ်အတော်ခံစားရမည်ဖြစ်သည်။ ဆရာ့စကားများက “အရှိုက်ကိုထိပြီး” သူပြောတာလည်း မှန်တာပဲဟု သိလျက် တစ်ချိန်တည်းမှာပင် စိတ်မသက်မသာနှင့် ကျွန်ုပ်ရယ်မောမိသည်။ တစ်ခါတစ်ရံ မိမိ၏ ယုံကြည်ခြင်းအကြောင်း ပြောရာ၌ သဘာဝမကျသော ဗန်းစကားကို ကျွန်ုပ်သုံးလေ့ရှိခြင်းကြောင့် မရိုးသားဟု အထင်ခံရသည်။ ကျွန်ုပ်စစ်မှန်စွာ ယုံကြည်သည့်အရာကို အခြားသူအား ပို၍အကျိုးထိရောက်စွာဝေမျှနိုင်ရန် ကျွန်ုပ်ကိုချစ်သောမိတ်ဆွေက ကြိုးစားကူညီခြင်းဖြစ်သည်။ ပြန်ပြောင်းဆင်ခြင်တွေးသောအခါ၊ ၎င်းသည် ကျွန်ုပ်ရရှိသော အကောင်းဆုံးအကြံဉာဏ်အချို့ထဲမှ တစ်ခုဖြစ်ကြောင်း နားလည်လိုက်သည်။

“အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေး၏။ ရန်သူ မူကား နမ်းသောအခါ လှည့်စားတတ်၏” (သု ၂၇:၆) ဟု…

ဆုတောင်းရန် ခေတ္တရပ်ပါ

လမ်းထဲရှိ မီးသတ်ဘုံပိုင်ခေါင်းမှ ပန်းထွက်လာသောရေများကို မြင်ရသည့်အခိုက် အခွင့်အရေးတစ်ခုကို ကျွန်ုပ်မြင်ပါသည်။ ကျွန်ုပ်ရှေ့မှကားများပေါ်သို့ ရေဖြန်းသကဲ့သို့ ရေစင်သည်ကို တွေ့ရသဖြင့် “အို၊ ကားကို အလကား ရေဆေးခွင့်ရတော့မယ်”ဟု တွေးမိသည်။ ကားရေမဆေးရသည်မှာ တစ်လခန့်ရှိပြီဖြစ်၍ ဖုန်ထူနေပါသည်။ ရေပန်းအောက်သို့ ကားကို ကျွန်ုပ်မောင်းချလိုက်သည်။

အဖြစ်အပျက်က မြန်ဆန်သည်။ ထိုမနက်က ကျွန်ုပ်၏အနက်ရောင်ကားလေးမှာ နေထိခဲ့သဖြင့် ကားမှန်ရော၊ ကားအတွင်း၌ ပူနေပါသည်။ မီးသတ်ရေပိုက်ခေါင်းမှ ရေများ ကားရှေ့မှန်ပေါ်သို့ ကျလာသည်နှင့် လျှပ်စီးပြက်သကဲ့သို့ ကားမှန်က အထက်မှ အောက်သို့ အက်သွားတော့သည်။ ကားအလကား ဆေးရမလား မှတ်တယ်။ ငွေများစွာ ကုန်ကျသည့်အဖြစ်၌ ကျွန်ုပ်ဂိတ်ဆုံးသွားသည်။

စဉ်းစားရန် (သို့) ဆုတောင်းရန် ကျွန်ုပ်ခေတ္တမျှ ရပ်မိခဲ့လျှင် အကောင်းသား။ ထိုအချိန်မျိုး အမြဲဖြစ်နေပါသလား။ ဣသရေလလူမျိုးတို့သည် သာ၍လေးလံဖိစီး သည့် အခြေအနေများ၌ ထိုသို့ဖြစ်သည်။ ဘုရားသခင်ပေးသောပြည်သို့ ၎င်းတို့ ဝင်ရောက်စဉ်…

ကောင်းချီးမင်္ဂလာကို ကျော်သွားခြင်း

၁၇၉၉ ခုနှစ်က (၁၂) နှစ်သား Conrad Reed (ခွန်ရတ် ရိဒ်)သည် အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ မိသားစုပိုင်လယ်ကွင်းငယ်၌ ဖြတ်သန်းစီးဆင်းသည့် ချောင်းငယ်မှ ရွှေရောင်လက်နေသည့် ကျောက်တုံးကိုတွေ့ပြီး နယ်မြေပြောင်းရွှေ့အခြေစိုက်သူ ဆင်းရဲသားလယ်သမား ဖခင်ကိုပြရန် အိမ်သို့ယူလာသည်။ ကျောက်တုံး၏တန်ဖိုးကိုမသိသော ဖခင်က တံခါးခုသည့်ခုတုံးအဖြစ် အသုံးပြုသည်။ သူတို့မိသားစုသည် ထိုကျောက်တုံးအနီး နှစ်များစွာ ကျော်ဖြတ်သွားလာခဲ့သည်။

နောက်ဆုံးတွင် ခွန်ရတ်၏ (၁၇) ပေါင်လေးသော ထိုရွှေတုံးကြီးကို ဒေသခံ ရတနာကုန်သည်တစ်ဉီးက မြင်သွားသည်။ များမကြာမီတွင် ရိဒ်မိသားစု ချမ်းသာလာပြီး သူတို့၏လယ်ကွက်သည် အမေရိကန်ပြည်ထောင်စု၏ ပထမဉီးဆုံး ရွှေထွက်သည့် နေရာဖြစ်လာသည်။

တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မိမိ၏ကိုယ်ပိုင် အစီအစဉ် နည်းလမ်းများကိုသာ အာရုံစိုက်ပြီး ကောင်းချီးမင်္ဂလာကိုမသိဘဲ ကျော်ဖြတ်သွားကြသည်။ ဘုရားရှင်ကို မနာခံခြင်းကြောင့် ဗာဗုလုန်သို့ ဖမ်းသွားခေါ်ဆောင်ခံရသည့် ဣသရေလလူမျိုးများအတွက် နောက်တစ်ဖန် လွတ်မြောက်ခွင့်ကို ပေးမည်ဟု ကိုယ်တော်မိန့်ကြားသည်။…

ချစ်မေတ္တာဖြင့် သယ်ပိုးသည်

လေးနှစ်အရွယ် မြေးလေးက ကျွန်တော့်ပေါင်ပေါ်ထိုင်ရင်း ပြောင်နေသော ကျွန်တော်ခေါင်းကိုပုတ်ပြီး အာရုံစိုက်လျက်ကြည့်သည်။ “ဘိုးဘိုးရဲ့ဆံပင်တွေ ဘာဖြစ်သွားတာလဲ”ဟု သူက မေးရာ “အို နှစ်တွေကြာလာတာနဲ့ ကျွတ်ကုန်တာပေါ့”ဟု ကျွန်တော်ရယ်ပြီး ပြောလိုက်သည်။ သူ့မျက်နှာလေးက စဉ်းစားချင့်ချိန်နေပုံသို့ ပြောင်းသွားပြီး “သိပ်ဆိုးတာပဲ၊ သားရဲ့ဆံပင်အချို့ ဘိုးဘိုးကိုပေးမယ်နော်” ဟု သူတုံ့ပြန်ခဲ့သည်။

သူ၏ကြင်နာစိတ်ကြောင့် ကျွန်တော်ပြုံးလိုက်ပြီး ကျွန်တော့်အနီးသို့ ဆွဲယူ ပွေ့ဖက်လိုက်သည်။ နောက်ပိုင်း ထိုကြည်နူးဖွယ်အခိုက်အတန့်လေး၌ ကျွန်တော့် အပေါ်ထားသည့် သူ့ချစ်ခြင်းကို ဆင်ခြင်ရင်း ဘုရားသခင်၏ကိုယ်ကျိုးမငဲ့၊ ရက်ရောလှသည့် ချစ်မေတ္တာတော်ကို အလေးအနက် ဆင်ခြင်မိသည်။

G. K. Chesterton (ဂျီ ကေ ချက်စတာတန်)က “ကျွန်ုပ်တို့သည် အပြစ်ပြုပြီး အိုမင်းသွားကြသည်။ ကျွန်ုပ်တို့၏အဘခမည်းတော်မှာ ကျွန်ုပ်တို့ထက်ပင် နုပျိုနေပါသည်”ဟု ရေးသားခဲ့သည်။ “အသက်ကြီးသောသူ” (ဒံ ၇:၉)ဟု ဖော်ပြခြင်းခံရသော ဘုရားသခင်သည် ထာဝရဖြစ်ပြီး အပြစ်၏ပျက်စီးယိုယွင်းမှုနှင့် စွန်းထင်းခြင်းမရှိဘဲ…

လှုပ်ရှားမှုတိုင်းကို အကျိုးရှိစေပါ

မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် စာကြည့်တိုက်၏ မော်ကွန်းတိုက်ရှိ အိတ်ဆောင် နာရီတစ်လုံး၏ ရပ်နေသောလက်တံများက အလွန်စိတ်ထိခိုက်စရာကောင်းသည့် ဇာတ်လမ်းကို ပြောပြနေသည်။ ၁၈၅၇ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ မနက်ပိုင်း၌ Appalachian (အပလေချီယန်)တောင်ရှိ ရေတံခွန်၌ ခြေချော်ပြီး အသက်ဆုံးခဲ့ရသည့် နာရီပိုင်ရှင် Elisha Mitchell (ဧလိရှဲ မစ်ချယ်)၏ နောက်ဆုံးအသက်ထွက်ချိန် (၈:၁၉ မိနစ်၊ ၅၆ စက္ကန့်)ကို နာရီလက်တံများက အတိအကျညွှန်ပြနေသည်။

ထိုတက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်သူ မစ်ချယ်က သူရောက်ရှိနေသည့်တောင်ထိပ်၊ ယခုအချိန်၌ သူ့အမည်တွင်သော မစ်ချယ်တောင်သည် အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ် အရှေ့ဘက်ခြမ်းတွင် အမြင့်ဆုံးဖြစ်‌ကြောင်း သူ၏အဆို မှန်ကန်ကြောင်းကို သက်သေပြရန် အချက်အလက်များ စုဆောင်းနေချိန်ဖြစ်သည်။ သူပြုတ်ကျသည့်နေရာနှင့် မဝေးလှသည့် တောင်ထိပ်တွင် သူ့အုတ်ဂူရှိသည်။

မကြာသေးမီ ထိုတောင်ထိပ်သို့ ကျွန်ုပ်တက်ရောက်ခဲ့စဉ်က မစ်ချယ် အကြောင်း၊ မိမိကိုယ်တိုင်၏ မတည်မြဲမှုအကြောင်း၊ ကျွန်ုပ်တို့တစ်ယောက်စီတိုင်း၌…

သက်သေအမှတ်အသား

“တွေ့ရလား”။ နာရီပြင်ဆရာက သူ၏ဓာတ်မီးအလင်းတန်းဖြင့် ကျွန်တော်တို့အိမ်တွင် သူပြုပြင်နေသော မတ်တတ်နာရီအိုကြီးအတွင်း၌ ထွင်းထားသည့် သေးငယ်ထင်ရှားသော အမှတ်အသားကို ပြသည်။ “လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုလောက်က နာရီပြင်တဲ့သူတစ်ယောက်က ဒီအမှတ်အသားကို လုပ်ခဲ့တာဖြစ်မယ်” ဟုသူကပြောသည်။ “အဲ့တာ ‘သက်သေအမှတ်အသား (witness mark)’ လို့ ခေါ်တယ်။ အဲ့တာက ကျွန်တော် ဒီစက်ကို ဘယ်လိုချိန်ဆပေးရမလဲဆိုတာကို သိအောင်ပြောပြပေးတယ်” ဟုဆက်ပြောသည်။

နည်းပညာစာစောင်များနှင့် စက်ပြုပြင်သည့်အညွှန်းစာအုပ်များ မရှိမီကပင် ဤကဲ့သို့ ‘သက်သေအမှတ်အသား’များသည် နောင်တွင်ပြုပြင်မည့်သူအတွက် ပစ္စည်းအစိတ်အပိုင်းများကို မှန်ကန်တိကျစွာ ရွှေ့ပြောင်းနိုင်ရန် အထောက်အကူ ပြုသည်။ ထိုအမှတ်အသားလေးများသည် အချိန်ကုန်သက်သာစေရုံမက ဤ အလုပ်ကို နောက်ဆက်လုပ်မည့်သူကိုပြသည့် ရိုးရှင်းသောကြင်နာမှုပင်ဖြစ်သည်။

ယိုယွင်းနေသောဤလောကတွင် သူတစ်ပါးကိုအစေခံခြင်းဖြင့် ဘုရားသခင်၏ အမှုတော်ကို ထမ်းရွက်ကာ မိမိ၏“သက်သေအမှတ်အသား”များ ချန်ရစ်ခဲ့ရန် သမ္မာကျမ်းစာမှတိုက်တွန်းထားသည်။ တမန်တော် ရှင်ပေါလုက “ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကိုထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့ လိုက်ကြကုန်အံ့” (ရော ၁၅:၂)ဟု…

ဘုရားသခင်ထံတော်မှခွန်အား

၁၉၂၅ ခုနှစ်တွင် စာရေးဆရာဖြစ်လာရန် ဆန္ဒပြင်းပြနေသော Langston Hughes (လန်စတန်ဟရုစ်)သည် ဟိုတယ်တစ်ခု၌ သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်စဥ် သူလေးစားရသောကဗျာဆရာ Vachel Lindsey (ဗာချယ်လင်းစီ) ထိုဟိုတယ်တွင်တည်းခိုကြောင်း သိခဲ့ရသည်။ ဟရုစ်သည် ရှက်ရှက်နှင့်ပင် သူရေးထားသော ကဗျာကို လင်းစီအား ရွတ်ပြမိခဲ့ပြီး ထိုကဗျာကို လင်းစီက စာပေဟောပြောပွဲတစ်ခုတွင် ကျေနပ်အားရစွာ ချီးမွမ်းခဲ့သည်။ လင်းစီ၏ ချီးမွမ်းအားပေးမှု၏ရလဒ်အဖြစ် ဟရုစ် သည် တက္ကသိုလ်တစ်ခုမှ ပညာသင်ဆုရရှိခဲ့ပြီး ထိုမှတစ်ဆင့် စာရေးခြင်းဖြင့် အသက်မွေးကာ အောင်မြင်သောလမ်းခရီးကို လျှောက်လှမ်းနိုင်ခဲ့သည်။

အထူးသဖြင့် ဘုရားသခင်အတူပါရှိလျှင် သေးငယ်သောအားပေးစကားပင်လျှင် များစွာခရီးပေါက်နိုင်သည်။ သမ္မာကျမ်းစာ၌ပါရှိသည့် ရှောလုမင်းက ဒါဝိဒ်အား သတ်ရန် ကြံစည်သည့်အဖြစ်အပျက်တွင် ရှောလု၏သား ယောနသန်သည် ဒါဝိဒ်ကိုရှာပြီး ဘုရားသခင်၌ ခိုလှုံအားကြီးစေရန် မစခဲ့သည်။ သူက “မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘရှောလု၏လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်” ဟုပြောခဲ့သည်…

ဘုရားသခင်ထံ တိုးဝင်ခြင်း

Harriet Tubman (ဟဲရီယက် တာ့မန်)သည် စာမ‌ရေးတတ် မဖတ်တတ်ပါ။ ဆယ်ကျော်သက်အရွယ်တွင် ကြမ်းကြုတ်သည့် ကျွန်ပိုင်ရှင်၏လက်ချက်ကြောင့် သူမဉီးခေါင်းတွင်ဒဏ်ရာရခဲ့ပြီး၊ ထိုဒဏ်ရာကြောင့် သူမဘဝတစ်လျှောက်လုံး (ဝက်ရူးပြန်) အတက်ရောဂါရပြီး အာရုံခံစားမှုကင်းမဲ့ခဲ့ရသည်။ သို့သော် ကျွန်ဘဝမှ သူလွတ်မြောက်လာသောအခါ အခြားလူသုံးရာခန့်ကို ကယ်တင်ရန် ဘုရားသခင် သူ့ကို အသုံးပြုခဲ့သည်။

လွတ်မြောက်သူများက သူမကို ‘မောရှေ’ ဟု ချစ်စနိုးခေါ်ခဲ့ကြသည်။ သူမသည် ပြည်တွင်းစစ်မဖြစ်မီ အခြားသူများကိုကယ်ရန် တောင်ပိုင်းဒေသသို့ ရဲရင့်စွာ ၁၉ ကြိမ် ခရီးနှင်ခဲ့သည်။ သူမ၏ခေါင်းမှဒဏ်ရာနှင့် အသက်အန္တရာယ် ရှိနေချိန်၌ပင် လုပ်ရမည့်အလုပ်ကို သူဆက်လုပ်ခဲ့သည်။ သစ္စာရှိသော သခင်ယေရှုကိုယုံကြည်သူတစ်ယောက်အနေဖြင့် သူမသည် ခရီးသွားတိုင်း ဓမ္မတေးစာအုပ်နှင့် ကျမ်းစာအုပ်ကို ယူသွားပြီး သူမအလွတ်ကျက်မှတ်ရန်နှင့် ကိုးကားပြောနိုင်ရန်ကျမ်းပိုဒ်များကို အခြားသူများက ဖတ်ပြခဲ့ရသည်။ “ကျွန်မအလုပ်အတွက် အချိန်တိုင်း ဆုတောင်းတယ်။ နေရာတိုင်းမှာ ကျွန်မအမြဲတမ်း သခင်နဲ့စကား ပြောတယ်” ဟု…

ချစ်ခြင်း၏အကြီးမြတ်ဆုံးလက်ဆောင်

ကျွန်တော့်သား Geoff (ဂျော့ဖ်)သည် စတိုးဆိုင်မှထွက်လာသောအခါ စွန့်ပစ်ထားသော လမ်းလျှောက်တုတ်ကို တွေ့ပြီး၊ “ဆိုင်အနောက်မှာ အကူအညီလိုနေတဲ့သူ ရှိနေတာ မဟုတ်ပါစေနဲ့”ဟု သူမျှော်လင့်တွေးမိသည်။ သူလှည့်ပတ်ကြည့်လိုက်သောအခါ အဆောက်အအုံ၏နောက်ဘက် လမ်းဘေးတွင် သတိလစ်နေသည့် အိမ်ခြေမဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ဂျော့ဖ် က သူ့ကိုလှုပ်နှိုးလိုက်ပြီး “အဆင်ပြေရဲ့လား”ဟု မေးလိုက်သည်။ “ငါသေအောင် အရက်သောက်နေတာ၊ မုန်တိုင်းကြောင့် ငါ့တဲပျက်စီးသွားပြီး အရာအားလုံးဆုံးရှုံးခဲ့တယ်။ ငါအသက်မရှင်ချင်ဘူး”ဟု သူက ပြန်ဖြေသည်။

ဂျော့ဖ်သည် ခရစ်ယာန် ပြန်လည်ထူထောင်ရေးအဖွဲ့သို့ ဖုန်းဆက်လိုက်ပြီး အကူအညီကို စောင့်နေစဥ် အိမ်သို့ပြန်ပြီး ထိုလူအတွက် သူ့ကိုယ်ပိုင်စခန်းချဖျင်တဲအထုပ်လေးယူလာပေးခဲ့သည်။ “ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ”ဟု မေးရာ “Geoffrey” (ဂျော့ဖရီ)ဟု အိမ်ခြေမဲ့အမျိုးသားက ပြန်ဖြေသည်။ ဂျော့ဖ်သည် သူ့နာမည် (သို့) သူ့နာမည်စာလုံးပေါင်းကို ပြန်မပြောရသေးပါ။ နောက်ပိုင်းမှ “အဖေ၊ အဲဒါ ကျွန်တော်လည်း ဖြစ်နိုင်တယ်” ဟုကျွန်တော့်အား ပြောခဲ့သည်။…

အချစ်များ ကုန်ဆုံးမသွားသောအခါ

“အဖိုး ကျွန်မကို ကမ်းခြေခေါ်သွားတဲ့အခါတိုင်း သူ့လက်ပတ်နာရီကိုချွတ်ပြီး အဝေးမှာ အမြဲထားလေ့ရှိတယ်။ တစ်ရက်ကျတော့ “ဘာလို့အဲ့လိုလုပ်တာလဲလို့ အဖိုးကို မေးမိတယ်” ဟု စန္ဒြာက ပြန်လည်အမှတ်ရရင်း ပြောပြသည်။

“မြေးလေးနဲ့အတူရှိနေတဲ့ အချိန်လေးတွေဟာ အဖိုးအတွက် ဘယ်လောက် အရေးပါလဲဆိုတာ မြေးကို သိစေချင်လို့လေ။ မြေးလေးနဲ့အတူ အချိန်တွေ ကုန်ဆုံးချင်လို့” ဟုအဖိုးက ပြုံးပြီး ဖြေပါသည်။

ထိုအမှတ်တရလေးကို အဖိုးဖြစ်သူ၏စျာပနအခမ်းအနားတွင် စန္ဒြာ ဝေမျှခဲ့သည်ကို ကျွန်ုပ်ကြားခဲ့ရသည်။ ၎င်းသည် သူတို့မြေးအဖိုးနှစ်ယောက် အတူတူဖြတ်သန်းခဲ့သည့် သူအနှစ်သက်ဆုံး အမှတ်တရများအနက်တစ်ခုဖြစ်သည်။ အခြားသူတစ်ဦးက မိမိအတွက်အချိန်ပေးသောအခါ သူသည် မိမိအား တန်ဖိုးထား ကြောင်း ခံစားရသည်ကို ဆင်ခြင်မိရင်း ဘုရားရှင်၏ဂရုပြုသော မေတ္တာတော်အကြောင်း ရေးထားသည့် ကျမ်းပိုဒ်က အတွေးထဲဝင်လာသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အမြဲအချိန်ပေးသည်။ ဒါဝိဒ်မင်းကြီးက ဆာလံကျမ်း ၁၄၅ တွင် “လက်တော်ကိုဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်း…